စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၉-၆-၂၀၂၄) ရက်နေ့၌ မော်လမြိုင်မြို့၊ အောက်လမ်းမကြီး၏ လမ်းဘေးဝဲယာကုန်စုံဆိုင်ကြီးများရှိ ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Wah-Lah၊ MA MA (ပုစွန်ချဉ်စပ်)၊ MA MA (ပင်လယ်စာချဉ်စပ်)၊ ယံယံ (ပုစွန်ချဉ်စပ်)၊ MA MEE (ကြက်သားဆီချက်) အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များ၌ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)