ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ စည်ပင်သာယာဈေးအတွင်းရှိ လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများအနေဖြင့် ဆီများအလွယ်တကူရရှိနိုင်ရေး ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကမာကဆစ် စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့်အဖွဲ့များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် စားအုန်းဆီရောင်းချနေသည့်ဆိုင်များမှ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကိုဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဘဲဝယ်ယူစားသုံးစေနိုင်ရန်အတွက် သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်ပါ၍ ရရှိသည့်ခွဲတမ်းအလိုက် ဈေးကွက်အတွင်း သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပြီး ရရှိသောခွဲတမ်းအလိုက် အမှန်တကယ်ရောင်းချခြင်းများမရှိပါက ဝင်ရောက်စစ်ဆေး၍ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ရှင်မျာအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)