ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေး၊ စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသည့်ဆိုင်များသို့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၁၇-၆-၂၀၂၄ နံနက် (၁၀:၃၀) နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဗိုလ်တထောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသောဆိုင်များသို့သွားရောက်ကာ ကစားစရာကုန်ပစ္စည်းအမျိုးမျိုးတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကလေးကစားစရာအရုပ်အမျိုးမျိုးအပါအဝင် အခြားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်းရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)