စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၁၇-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ လက်လီရောင်းချပေးနေသော စားအုန်းဆီဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်းရှိ/မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)