ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆေးအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၇-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် အမှတ် (၁၂၂၈)၊ ဗိုလ်ချုပ်လမ်း၊ (၃၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ Royal Jasmine ဆေးဆိုင်အား ဆိုင်တာဝန်ခံနှင့် သွားရောက်တွေ့ဆုံကာ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်း၌ ဆေးဝါး (၈၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Grace Win Co., Ltd မှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း၊ ယခင်ကာလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးအဆမတန်မြင့်တက်ခြင်းမရှိကြောင်း တာဝန်ခံက ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)