Main menu

ကျွန်းလှမြို့”စမိုင်းလ်”ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ” စမိုင်းလ် “ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများပေါ်တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များဖော်ပြထားခြင်းရှိ/မရှိတို့အတွက် ” စမိုင်းလ် “ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက် ကွင်းဆင်းစစ်‌ဆေးခဲ့ပါသည်။ အသင့်စားရသောမုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဒေသတွင်းထုတ်လုပ်သည့် ထုတ်ကုန်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ ဌာနက အခမဲ့ဆောင်ရွက်ပေးနေကြောင်းနှင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးသည့် လုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံအောင်ထည့်သွင်း၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် စကားလက်ဆင့်ကမ်းတိုက်တွန်းပြောကြားပေးရန်နှင့် ၎င်းနောက် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့စာသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး စားသုံးသူအခွင့်အရေးများကိုလည်း တောင်းဆိုတတ်ရန်လည်းလိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)