Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက်ယခင်လ၊ ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

စဉ်

ပစ္စည်း

အမျိုးအမည်

ယခင်လ ၂၀၂၂

ဇန်နဝါရီလ

ယခုလ ၂၀၂၂ ဖေဖော်ဝါရီလ

မှတ်

ချက်

အရေ

အတွက်

(တန်)

ကျပ်ထောင်

အရေ

အတွက်

(တန်)

ကျပ်ထောင်

မြေပဲ

၇၂၀

၁၀၈၀၂၅၅

၈၀၀

၁၃၂၂၇၆၂

 

မတ်ပဲ

၃၇၀

၅၁၅၄၇၉

၄၁၀

၅၂၇၂၆၇

 

ပဲတီစိမ်း

၇၀၀

၈၅၇၃၄၆

၅၀၀

၆၄၃၀၀၉

 

ပဲစင်းငုံ

၅၃၀

၆၈၉၇၀၄

၆၀၀

၇၈၉၉၈၃

 

ကုလားပဲ

၄၀၀

၅၇၅၆၄၆

၄၉၀

၆၉၀၁၆၃

 

ဘိုကိတ်

၉၈

၁၁၂၅၂၆

၁၀၂

၁၁၅၅၅၇

 

 

စုစုပေါင်း

၂၈၁၈

၃၈၃၀၉၅၆

၂၉၀၂

၄၀၈၈၇၄၁

 

 

               ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်အနေဖြင့် နှစ်စဉ်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အများဆုံးအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှု နှင့် ဈေးနှုန်းအခြေအနေများအား အောက်ပါအတိုင်းလေ့လာသိရှိရပါသည်။

မတ်ပဲ

          ပြည်မြို့ရှိကုန်စည်ဒိုင်တွင် ယခင်လဇန်နဝါရီလ ပထမပတ်တွင် ပဲတစ်တင်းကို ၄၁၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၃၈၀၀ - ၄၄၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ တတိယပတ်တွင် ၄၅၀၀၀-၄၅၅၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး စတုတ္တပတ်တွင် ၄၂၅၀၀-၄၃၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးကျလာပြီး ပဲတစ်တင်းလျှင် ၄၀၀၀၀-၄၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၃၈၀၀၀-၃၉၀၀၀-၃၉၅၀၀ကျပ်ထိ ဈေးကျခဲ့ပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်အဝယ်ရသည့်အတွက် တတိယပတ်တွင် ၄၀၃၀၀-၄၁၈၀၀ ကျပ်ထိ ဈေးပြန်တက်လာခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ၄၁၅၀၀-၄၁၇၀၀ကျပ် ဈေးဖြင့် အရောင်း အဝယ် ဖြစ်ပြီး တစ်နေ့လျှင် အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။

ပဲတီစိမ်း

          ယခင်လ ဇန်နဝါရီလတွင် ပုံမှန်ဈေးပဲတစ်တင်းကို ၃၈၀၀၀-၃၉၀၀၀-၄၀၀၀၀ကျပ်၊ ထိပ်စ ဈေး ၄၁၀၀၀- ၄၂၀၀၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်၊ မန္တလေး အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ် ပုံမှန်တစ်တင်းကို ၃၉၀၀၀ကျပ်ဈေးဖြင့် ဈေးအေးနေခဲ့ပြီး တတိယ ပတ်တွင်    ထိပ်စတစ်တင်းကို    ၄၂၀၀၀ကျပ်ဈေးဖြင့်    အရောင်း  အဝယ်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ လပထမပတ်တွင် ပုံမှန်တစ်တင်းကို  ၃၈၀၀၀-၃၉၀၀၀ကျပ်၊ ထိပ်စ ၄၂၀၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလ ဈေးငြိမ်နေခဲ့ပြီး လက်ကျန်လည်းနည်းနေပြီဖြစ်ပါသည်။ ရန်ကုန် မန္တလေး အဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်သာရှိ၍ အရောင်းအဝယ်လည်းနည်းနေပြီ ဖြစ်ပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်ရှိ ပဲစင်းငုံသီးနှံမှာ ယခင်လဇန်နဝါရီလပထမပတ်တွင် ပဲသစ်များလည်း ဝင်စပြုနေပြီး ပန်းတောင်း၊ ကံမ၊ မင်းတုန်းဘက်မှ အဝင်ရှိသည့်အတွက် ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဈေးဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ တစ်နေ့လျှင်အိတ် ၂၀၀/၃၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲဈေးတက်ခဲ့ပြီး ပဲတစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး တတိယ ပတ်တွင် ၄၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၂၀၀၀-၄၂၂၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး တစ်နေ့လျှင်အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်ဝယ်လက်နှင့် လှောင်လက်သမားများ အဝယ်ရှိခဲ့ပါသည်။ ယခုလ ဖေဖော်ဝါရီလ ပထမတ်တွင် ပဲစင်းငုံသီးနှံတစ်တင်းကို ၄၃၀၀၀ကျပ် ဒုတိယပတ်တွင်  ၄၁၀၀၀ ကျပ်ဈေးဖြင့် ဈေးကျခဲ့ပါသည်။ တတိယပတ်တွင် ၄၂၀၀၀ကျပ်ဈေးဖြင့် ဈေးပြန်တက်ခဲ့ပြီး ရန်ကုန်ဝယ်လက်အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်မှာ အိတ် ၃၀၀/၄၀၀ခန့်သာ ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။

ကုလားပဲ

          ယခင်လ ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲဈေးမြင့်ခဲ့ပြီး ပဲတစ်တင်းကို  ၄၆၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားနှင့် ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ကုလားပဲသစ်များ စတင်ဝင်စပြုနေပြီး မင်းတုန်း၊ ကံမနှင့် ပန်းတောင်းဘက်မှ အဝင်ရှိပြီး ပဲသစ်အဖွင့်ဈေးမှာ တစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးအနည်းငယ်ကျခဲ့ပြီး တစ်တင်းကို ၄၄၅၀၀-၄၃၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ဒုတိယပတ်တွင်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး တတိယပတ်တွင် ၄၁၀၀၀ကျပ်ဖြင့် ဈေးပြန်တက်ခဲ့၍ ဝယ်လက်မှာ ခွဲစက်သမားများ၊ ရန်ကုန်ဝယ်လက်များ တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ပဲခွဲခြမ်းများကို နယ်စုံအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

ဘိုကိတ်ပဲ

          ယခင်လ ဇန်နဝါရီလတွင် ဘိုကိတ်တစ်တင်းကို ၃၇၅၀၀ကျပ်၊ ယခုလ ဖေဖော်ဝါရီတွင် ပဲတစ်တင်းကို ၃၁၅၀၀ကျပ်ဖြင့် လက်လီ/လက်ကားပါ အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုလ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်လထက် ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)