Main menu

ပဲခူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ပဲခူးမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ပဲခူးမြို့အတွင်းရှိ Max၊ ကျွန်းသာယာ၊ မြတ်မေတ္တာမွန်၊ Moon  Sun နှင့် မိုးထက် စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု အခြေအနေများ၊ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များမှာကြားခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက စက်သုံးဆီရောက်ရှိမှုအခြေအနေ၊ အမှန်တကယ်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ရောင်းချရာတွင် အလေးချိန်အချင်အတွယ်မှန်ကန်စွာရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲသူများ ထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် အဆိုပါပူးပေါင်းအဖွဲ့တွင် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)