Main menu

တောင်ငူမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် ဗဟုသုတများသိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို ဇွန်လ ၁၇ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ထီးနီကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ ပန်းပဲတန်းအခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

           ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

             ဟောပြောပွဲများတွင် ထီးနီကုန်းအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၁၄၈ဦးနှင့် ပန်းပဲတန်း အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၁၈၆ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲများမစတင်မီ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်သည် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)