![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/26_13.jpg?itok=7P7hGg_X)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် မိုးနှမ်းကိုကျဲပက်စနစ်ဖြင့် တန်ခူးလတွင်တောင်သူ(၇၀)ဦးမှ စိုက်ဧက(၁၅၀)ဧကစိုက်ပျိုးထားရာ ဝါဆိုလတွင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
နှမ်းနက်စမုံမျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၅)ပြည်ခန့်ကုန်ကျကြောင်း၊ ၎င်းအနေဖြင့် နှမ်းနက်စမုန်မျိုး(၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို(၁)ပြည်လျှင် ကျပ်(၁၁၀၀၀)ဖြင့် စလင်းမြို့မှဝယ်ယူပါကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၂၅၀၀၀၀) သာကုန်ကျသော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခနှင့် မျိုးဖိုးအပါအဝင် စုစုပေါင်း ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခင်နှစ်က (၁) ဧကလျှင် (၁၀)တင်း မှ(၂၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းမှာ (၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ထိရရှိခဲ့ပါကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ကံကုန်းကျေးရွာနေ မိုးနှမ်းစိုက်တောင်သူဦးမြင့်စိုးထံမှ သိရှိရပါသည်။
DOCA(မကွေး)