Main menu

ရာသီစာဟင်းသီးဟင်းရွက်အရောင်းသွက်

Powered by Drupal

         မိုးဦးကာလရာသီအချိန်တွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း ရောင်းဝယ် လျက်ရှိရာ ရာသီပေါ်ဟင်းသီးဟင်းရွက်ရောင်းချနေသူများအနေဖြင့် အရောင်းသွက်လျက်ရှိနေပါ သည်။ ရာသီစာထဲမှာ အင်ဥ၊ မျှစ်စို့ပေါက်များနှင့် ဂွေးသီးများသည် အဝယ်လိုက်၍ လူစားများသော ရာသီစာများဖြစ်ကြပါသည်။ ရာသီစာများနှင့်အတူ တွဲဖက်စားသုံးရာသော ကင်းပုံရွက်၊ ဆူးပုတ်ရွက် များမှာလည်း အရောင်းသွက်ကြောင်း သိရပါသည်။ ဝယ်ယူစားသုံးရသော ဈေးနှုန်းများမှာ အင်ဥ နို့ဆီဘူးတစ်ဘူးလျှင် ပေါ်ခါစရှားချိန်တွင် ၄၀၀၀ကျပ်ရှိပြီး ၂၀၂၄ခုနှစ် ဇွန်လတိယအပတ်တွင် ၂၅၀၀ကျပ်၊ မျှစ်စို့ပေါက်ကလေးများမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဂွေးသီးမှာ ၁၀လုံးလျှင် ၃၀၀ကျပ်၊ ကင်းပုံရွက်တစ်စည်းလျှင် ၂၀၀ကျပ်နှင့် ဆူးပုတ်ရွက် တစ်စည်းလျှင် ၃၀၀ကျပ်ဈေးရှိပါသည်။ ရာသီပေါ်ဟင်းသီးဟင်းရွက်မှာ ဒေသထွက်များရှိသလို အခြားမြို့နယ်များမှလည်း ဝင်ရောက်လျက်ရှိပါသည်။

DOCA(ပဲခူး)