Main menu

ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့် မိတ်ဖက် ဌာနဆိုင်ရာများမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အတွက်ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးများဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်ဖြန့်ဖြူးမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားပြီး ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard-Insulin ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဆေးရောင်းချသည့်လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည် အုပ်စု(၈)အုပ်စုအနက် ကုန်စည် အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ပါဝင်ရမည့်အချက်များ ပြည့်စုံစွာပါရှိသည့်ဆေးဝါးများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)