Main menu

ရာသီပေါ်နာနတ်သီး ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်

Powered by Drupal

          ပြည်မြို့ရှိ လူစည်ကားရာနေရာများနှင့် ဈေးများတွင် နှစ်စဉ်ယခုလိုအချိန်တွင် နာနတ်သီးများ စတင်ရောင်းချတာကို တွေ့ရပါသည်။ ပြည်မြို့အနေဖြင့် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးမှုများမရှိဘဲ အခြားထွက်ရှိရာဒေသများမှ တစ်ဆင့်ဝယ်ယူ ရောင်းချခြင်းဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် သီပေါဘက်မှ ပျားရည်နာနတ်သီးများအဝင်ရှိသလို မော်လမြိုင်ဘက်မှ ကျောက်စိမ်း သီးများလည်း အဝင်ရှိပါသည်။ နာနတ်သီးသည် လူတိုင်းကြိုက်နှစ်သက်သည့် ရာသီပေါ်သီးနှံ ဖြစ်သည့်အတွက် အဝယ်လိုက်သော သီးနှံဖြစ်၍ နှစ်စဉ်အရောင်းသွက်သော သီးနှံဖြစ်ပါသည်။ ပျားရည်နာနတ်သီး၏အရသာမှာ အချိုလေးပင်ပြီး ကျောက်စိမ်းသီးမှာ ချဉ်ချိုသောအရသာ ရှိပါသည်။ ၂၀၂၄ခုနှစ် ဇွန်လပထမအပတ် ပေါ်ခါစအချိန်တွင် ပျားရည်နာနတ်သီးမှာ တစ်လုံးလျှင် ၄၀၀၀ကျပ်ရှိပြီး ဇွန်လတတိယအပတ်တွင် တစ်လုံးလျှင် ၃၀၀၀-၃၅၀၀ကျပ်ဈေးရှိပါသည်။ ကျောက်စိမ်းသီးမှာ တစ်လုံးလျှင် ၂၀၀၀-၂၅၀၀ကျပ်ဈေးရှိပါသည်။ ပျားရည်နာနတ်သီး ဈေးကောင်းရခြင်းမှာ ရိုးရိုးနာနတ်သီး အလုံးရာချီထွက်သော်လည်း ပျားရည်နာနတ်သီးမှာ အထွက်နည်းသည့်အတွက် ဈေးကောင်းခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)