Main menu

ကံမမြို့ ဈေးကွက်အတွင်း ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေဿကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဦးကျော်ရွှေ၊ ဒုတိယကြီးကြပ် ရေးမှူးနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည်(၁၉.၆.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်များတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသော ဈေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အားလည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ်(၂/၂၀၂၄) ညွှန်ကြားချက်အားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ရောနှောဆီအပါအဝင်စားသုံးဆီဘူး အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)