ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် (၂၀၂၁-၂၀၂၂)ခုနှစ် မိုးစပါး(၁၆၂၁၉၄)ဧက စိုက်ပျိုးပြီး ရိတ်ဧက (၁၆၁၄၉၅)ဧကရှိရာ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၅၇.၉၅) အထက်ရှိသဖြင့် စုစုပေါင်း (၉၃၅၈၀၀၀)တင်း ရှိပါသည်။ လူဦးရေး (၄၈၀၀၀၀) ကျော်ရှိပြီး မျိုးဝမ်းစာ အလေအလွှင့် (၆၄)သိန်းကျော်တင်းရှိပြီး ပိုလျှံစပါးတင်း (၂၉)သိန်းခန့်တင်းရှိမှာ ဖြစ်ပါသည်။
ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် စပါးဈေးနှုန်းများမှာ (၄၆)ပေါင်ကိုက်တင်း ဧည့်မထ (၁၀၀)လျှင် ကျပ်(၅၆၀၀၀၀) ၊ ငစိန် (၁၀၀)လျှင် ကျပ်(၅၅၀၀၀၀) ၊ မြီးဒုံး (၁၀၀)လျှင် (၅၇၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြစ်ပေါ်နေပြီး ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ဧည့်မထကျပ်(၂၆၀၀၀) ၊ ငစိန်တစ်အိတ်လျှင် ကျပ် (၂၅၀၀၀) ၊ မြီးဒုံး တစ်အိတ်လျှင် ကျပ် (၂၇၀၀၀) ဖြစ်ပေါ်လျှက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြို့ပေါ်နေလူများမှာ အများအားဖြင့် ဆန်ချောများဖြစ်သည့် ပေါ်ဆန်းမွှေးဆန်ကိုသာ စားသုံးသည်ကို တွေ့ရှိရပါသည်။ ပေါ်ဆန်မွှေးများကို ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ရွှေဘိုမျိုးကို မိုးတော်ရေတော်ကွင်းမှာ စိုက်ပျိုးပြီး ရခိုင်ရွှေဘို ပေါ်ဆန်းမွေးစပါးများအား ခေတ်မီစက်ကြီးများဖြင့် ကြိတ်ခွဲပြီး ရခိုင်ပြည်နယ်နှင့် ပြည်မသို့ တင်ပို့ရောင်းချပါသည်။ တချို့ကလည်း ဧရာဝတီမှ ပုသိမ်ပေါ်ဆန်းမွေးများကို မှာယူတင်သွင်းရောင်းချကြပါသည်။ ရခိုင်ရွှေဘိုပေါ်ဆန်းမွေး တစ်အိတ်လျှင် ကျပ်(၄၂၀၀၀) ၊ ပုသိမ်ပေါ်ဆန်းမွေး တစ်အိတ်လျှင် ကျပ်(၄၃၀၀၀)ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။
DOCA(ရခိုင်)