![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/31_20.jpg?itok=P8H-2-4R)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်းရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ အောက်ဆိပ်၊ ချဉ်တောင်၊ မြင့်ကဝ၊ ချောင်းမန်ကျည်း၊ တူရွင်းမျှော၊ ဂွေးပင်ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန် ကုန်စိမ်းသီးနှံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးမှုများပြီး နွေသီးနှံပင်ထောင်ခရမ်းချဉ်များကို စိုက်ပျိုးမှု နည်း၍ဈေးကွက်လိုအပ်ချက်အရ ဒေသတွင်းခရမ်းချဉ်သီးအပြင် ရှမ်းပြည်အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး (ထိုင်ဝမ်)တစ်ပိဿာလျှင် လက်ကားကျပ်(၅၀၀၀)၊ လက်လီ ကျပ်(၆၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ယခင်မေလ(တတိယပတ်)တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် လက်ကားဈေး ကျပ် (၂၀၀၀)၊ လက်လီဈေး ကျပ်(၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်လအတွင်းခရမ်းချဉ်သီး တစ်ပိဿာ ကျပ်(၃၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းခရမ်းချဉ်သီးထွက်ရှိမှုနည်းပြီး နယ်မြေအခြေအနေအရဈေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
DOCA(မကွေး)