Main menu

မင်းလှမြို့နယ် ပဲမျိုးစုံဈေးကွက်အခြေအနေ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မတ်ပဲဈေးကွက်အနေဖြင့် မေလ နောက်ဆုံးပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် (၁၀၇၇၀၀)ကျပ်ထိရှိခဲ့ပြီး၊ ဇွန်လပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်တင်းလျှင်(၁၁၀၆၆၀) ကျပ်ထိရှိခဲ့ရာ (၂၉၆၀)ကျပ်ထိ အနည်းငယ် မြင့်တက်ခဲ့ကာ ပဲငပိ (၂၀) ပိဿာ တစ်တင်းလျှင်(၅၉၁၀၀ မှ ၆၀၉၀၀) ထိအရောင်းအဝယ်ရှိနေပြီး ကုလားပဲနှင့်ပဲယင်းမှာ အရောင်းအဝယ်မရှိပါကြောင်း သိရှိရပါသည်။

        မတ်ပဲကားများ မင်းလှမှရန်ကုန်သို့ ၂စီးမှ၃စီးခန့် တင်ပို့လျက်ရှိကြောင်း ပဲငပိမှာမင်းလှမှ ပြည်ဘက်သို့ တစ်ရက်ခြား ၂စီးခန့်တင်ပို့နေကြောင်း ပဲကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)