သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲသီးနှံစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလ နောက်ဆုံးပတ်တွင် မတ်ပဲဈေးနှုန်းမှာ ပိဿာ၂၀(၁တင်း)လျှင် ၁၀၆၈၀၀ကျပ် ဈေးနှုန်းဖြစ်ပြီး ဇွန်လတတိယပတ်တွင် ၁၁၁၁၀၀ ကျပ်ဖြင့် (၅၀၀၀)ကျပ်မြင့်တက်လျက်ရှိပါသည်။
စီးထွက်မှုအနေဖြင့် မေလတွင် ရန်ကုန်မြို့သို့အိတ်လုံးရေ (၁၆၁၈၀၀) ခန့်ထိ တင်ပို့နိုင်ခဲ့ပါ သည်။ ယခုဇွန်လတတိယပတ်ထိ တင်ပို့မှုအနေဖြင့် (၁၂၂၅၀၀)အိတ်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)