Main menu

ပခုက္ကူမြို့ပေါ်တွင် ရာသီပေါ် ဒညင်းသီးများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရာသီပေါ် ဒညင်းသီးများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ဒညင်းသီးများကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်၊ တာလေမြို့များ၊ အချို့နယ်များနှင့် မွန်ပြည်နယ်တို့တွင် ဒညင်းပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ယခုအချိန်တွင် ရာသီပေါ်ဒညင်းသီးများ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒညင်းသီးကိုပြုတ်၍သော်လည်းကောင်း ဒညင်းဝက်ပြုလုပ်၍သော်လည်းကောင်း၊ ဒညင်းသီးကိုအုန်းနို့စမ်း၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ ဒညင်းသီးများကို အလုံးအရွယ်အစားကိုလိုက်၍ ဈေးနှုန်းအမျိုးအမျိုးရှိပါသည်။

    ဒညင်းသီး အလုံးအကြီးတစ်လုံးလျှင် ကျပ်(၂၅၀)ရှိပြီး (၁၀)လုံးလျှင် ကျပ်(၂၃၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၂၀၀) ရှိပြီး (၁၀)လုံး လျှင် ကျပ်(၁၈၀၀)၊ အသေးတစ် လုံးလျှင်ကျပ်(၁၅၀) ရှိပြီး (၁၀) လုံး လျှင် ကျပ်(၁၃၀၀) ဖြင့် ရောင်းချနေပြီး နေ့စဉ်အလုံးရေ (၂၀၀၀ မှ ၁၀၀၀၀)ထိ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဒညင်းသီးအလုံးကြီးမှာ စီးပြီးစား၍အလွန်ကောင်းသောကြောင့် ဈေးနှုန်းမှာလည်း မြင့်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)