Main menu

ပခုက္ကူမြို့ပေါ်ရှိ “ ပန်းကံ့ကော် ” ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSME ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၁၇.၆.၂၀၂၄)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ပန်းကံ့ကော်” ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်းရှင်မှ ယခုလုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ကြောင်း၊ ယခင်အချိန်ထက် ရောင်းအားနည်းကြောင်း၊ ပခုက္ကူမြို့ မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ ရောင်းချကြောင်း၊ ဆီကြော်မုန့်တစ်ဘူးလျှင် ကျပ် (၁၈၀၀)၊ ပေါင်မုန့် တစ်ဘူးလျှင် ကျပ်(၁၃၅၀)၊ ကိတ်မုန့် တစ်ဘူးလျှင် ကျပ်(၁၅၀၀)ရောင်းကြောင်း၊ ရှမ်းပြည်နယ်သို့လည်း အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း၊ တစ်လ လျှင် မုန့်ဘူး(၇၀)ပါ ပုံး(၃၀) ရောင်းချရကြောင်း၊ အလုပ်သမား(၃)ယောက်လောက်သာ ငှားရမ်းပြီး မိသားစုများ ဝိုင်းဝန်းလုပ်ကိုင် ကြကြောင်း၊ လုပ်အားခ တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လဝင်ငွေ ကျပ်(၅၀၀၀၀၀ - ၆၀၀၀၀၀)ကြားရှိကြောင်း၊ လျှပ်စစ်မီး မလာသည့်အချိန်တွင် မီးစက်ဖြင့် လုပ်ကိုင်ရသောကြောင့် အကျိုးအမြတ်နည်းကြောင်း၊ ကုန်ဈေးနှုန်း မှာ အစစအရာရာ ဈေးတက် နေသည့် အချိန်ဖြစ်၍ မိသားစု စားဝတ်နေ‌ရေးနှင့် မုန့်ဖောက်သည်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် လုပ်ကိုင်နေပါကြောင်း၊ ယခင်အချိန်က နယ်ပေါင်းစုံ တင်ပို့ရ သည့်အတွက် ရောင်းအား ကောင်းကြောင်း၊ ယခုလက်ရှိအချိန်မှာလည်း နားရက်မရှိ လုပ်ငန်း လုပ်ကိုင်နေပါ ကြောင်း၊“ပန်းကံ့ကော်” အမှတ်တံဆိပ်ကိုလည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ အောင်ပြင်ဆင် ပြီး စိစစ်ခွင့်ပြုချက်ရရှိအောင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထား မည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)