Main menu

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show အစီစဉ် ကျင်းပပြုလုပ်ခြင်း

Powered by Drupal

      ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show အစီစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုအစီစဉ်တွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) (၁၄) ၊ ပုဒ်မ (၂၆ ၊ ၂၇)မှ ပြဌာန်းထားရှိသော  ဝန်ဆောင်မှုများနှင့် ပက်သတ်၍ အာမခံထားရှိမှုအခြေအနေ၊ စားသုံးသူကိုကြိုတင်အသိပေးခြင်း၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်းစသည့်အချက်များနှင့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက်လျှော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင် စားသုံးသူ၏နစ်နာမူအတွက်ကုစားပေးရန် စသည့်အချက်များ ထည့်သွင်းပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)