Main menu

လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အတွက် အခိုင်မာဆုံးသော စီးပွားရေးဆက်ဆံမှုများကို မြင်တွေ့နိုင်တော့မည်လား

Powered by Drupal

        တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မျဉ်းတကြောင်းကိုဖြတ်ကျော်၍ သုံးပွင့်ဆိုင်ကုန်သွယ်ရေး သဘောတူညီချက်ကို ရယူနိုင်လျှင် အကျိုးရှိမည်ဖြစ်သော်လည်း ပထဝီနိုင်ငံရေး တင်းမာမှုနှင့် အခြားသော ပြဿနာများကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ကျော်လွှားရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

        အဆိုပါနိုင်ငံများ၏  လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက် ဆွေးနွေးပွဲများ သည် ၂၀၁၉ ခုနှစ်ကတည်းက ရပ်တန့်သွားသော်လည်း သုံးနိုင်ငံကြား ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ပြီးပြည့်စုံ သောကုန်သွယ်ရေးတစ်ရပ်ပြုလုပ်ရန်  ပြီးခဲ့သည့် တနင်္လာနေ့တွင် တရုတ်ဝန်ကြီးချုပ် Li Qiang၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol တို့ တက်ရောက်ခဲ့သည့် သုံးနိုင်ငံထိပ်သီး အစည်းအဝေးတွင် မီးမောင်းထိုးပြခဲ့သည်။

        လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်သုံးဦးသည် FTA ဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဟု ကတိပြုခဲ့ကြသည်။

        တရုတ်-ဂျပန်-တောင်ကိုရီးယား FTA ဆွေးနွေးပွဲများ အမြန်ဆုံးပြန်စရန် တရုတ်သမ္မတ Li က "စီးပွားရေးနှင့် ကုန်သွယ်မှု ချိတ်ဆက်မှုကို နက်ရှိုင်းအောင်၊ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုနှင့် ချောမွေ့မှုကို ထိန်းသိမ်းရန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို တောင်းဆိုခဲ့သည်။သုံးရက်အကြာ မေလ ၃၀ ရက်တွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

        ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးကို တည်ငြိမ်စွာ ပြန်လည်ဦးမော့လာစေရန် မျှော်မှန်းထားသည့် FTA ဆိုင်ရာ ဆွေးနွေးပွဲများသည်  တရုတ်နိုင်ငံအတွက် အလွန်အရေးပါသည်ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာတွင် ဖော်ပြခဲ့သည်။

        တစ်ချိန်တည်းတွင်ပင် ကိုရီးယားသမ္မတ ယွန်းက အဆိုပါသုံးနိုင်ငံသည် "ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပွင့်လင်းမြင်သာပြီး ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်နှင့် ဘေးကင်းသော ထောက်ပံ့ရေးကွင်းဆက်တစ်ခု ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

        ထိပ်သီးအစည်းအဝေးအပြီးတွင် ကျင်းပသည့် သုံးနိုင်ငံစီးပွားရေးဆိုင်ရာ အစည်းအဝေးတွင် စီးပွားရေးလုပ်ငန်းခေါင်းဆောင်များက ပုဂ္ဂလိကကဏ္ဍတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ သုတေသနပြုရန် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

DOCA(မန္တလေး)