Main menu

လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းမုန့်ဈေးတန်းများအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မုန့်ဈေးတန်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီမှူးရုံး၊ လားရှိုးမြို့မှဒေါ်ခင်မာကြည်(ဦးစီးအရာရှိ)က ဆရာ/ ဆရာမနှင့်ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၄၉၁)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်ပစ္စည်းများဝယ်ယူရာတွင်  ရွေးချယ်ဝယ်ယူရန်နှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများရှိပါကတိုင်ကြားနိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ  သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     ဆက်လက်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်းရောင်းချနေသောအချိုရည်များ၊ မုန့်များ၌ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှု ရှိ/ မရှိ၊ တာရှည်ခံဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေးများပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရှမ်း)