Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

Powered by Drupal

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ မြို့သစ်ရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာမများနှင့် ကျောင်းသူစုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်၍ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာမများနှင့် ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး (၈)ချက်ကို ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)