Main menu

ကံမမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှာ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်ဖြန့်ဖြူးမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထား ခြင်းမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် ဆီးချိုရောဂါနှင့်သက်ဆိုင်သည့် Mixtard-Insulin ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဆေးရောင်းချသည့်လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုအနက် ကုန်စည် အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင်ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ၎င်းနောက် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)