![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉၁_2.jpg?itok=u_-cRZjP)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်) တွင် မြေပဲဆန်ဈေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့သည် စီးပွားရေးဈေးကွက်အချက်အချာကျသောမြို့ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးကုန်စည်တစ်မျိုးဖြစ်သည့် မြေပဲဆီသန့်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း အမြို့မြို့အနယ်နယ်သို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသည်။ ပခုက္ကူ ဈေးကွက်သို့ မြေပဲသီးနှံအဓိကစိုက်ပျိုးသော ပခုက္ကူကျွန်းရွာများ၊ ယောနယ်ဒေသများနှင့် မြိုင်မြို့ နယ်အတွင်းရှိ ကျေးရွာများမှ ဝင်ရောက်မှုများကြောင်း၊ ယခုအချိန်၌ တောင်သူများတွင် မြေပဲလက်ကျန်လျော့နည်းနေပြီဖြစ်၍ မြို့ပေါ်ရှိကုန်သည်ဝယ်လက်များက ဝယ်ယူထားရှိသော မြေပဲများကိုကြိတ်ခွဲပြီး ရောင်းချလျက်ရှိကြောင်းသိရှိရသည်။
မြေပဲဈေးကွက်အနေဖြင့် ဇွန်လ(တတိယပတ်)တွင် ပင်ပြန့်မြေပဲလုံးဆန်နီ(ရှယ်) တစ်ပိဿာလျှင် ကျပ်(၇၅၀၀-၇၄၀၀)၊ ရိုးရိုးလုံးဆန်တစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၀၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၆၈၀၀)၊ ပင်ပြန့်မြေပဲလုံးဆန်သေး(အဖြူ) တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၀၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၆၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်မေလ(တတိယပတ်) တွင် မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင် မြေပဲဆန်အရည်အသွေးလိုက်၍ ကျပ်(၇၀၀၀-၆၃၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၄၉၀၀)၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ်(၆၉၀၀-၆၅၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၄၉၀၀-၄၈၀၀)ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မြေပဲဈေးကွက်သို့ ဇွန်လ(တတိယပတ်)တွင် တစ်ရက်လျှင် မြေပဲဆန်အိတ်(၃၅၀)၊ မြေပဲဆန်ပိဿာ(၈၄၀၀)၊ တစ်ပတ်အတွင်း မြေပဲဆန်အိတ်အရေအတွက် (၂၄၅၀)အိတ်၊ မြေပဲဆန်ပိဿာ (၆၀၀၀၀) ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ စားသောက်ကုန်မျိုးစုံလုပ်ငန်းရှင် များမှ ဝယ်ယူမှုများကြောင်း၊ ဒေသတွင်း မြေပဲလက်ကျန်နည်း၍ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမရှိကြောင်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)ေ