![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/48_11.jpg?itok=XGM-H4K1)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်ဖြစ်သော ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးကို စိုက်ပျိုးရောင်းချပါကြောင်း၊ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးကို မိမိတို့ကုန်းကွက်များနှင့် အိမ်ခြံဝင်းများအတွင်းတွင် စင်ထိုးစိုက်ပျိုးကာ မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးပါကြောင်း၊ ပဲလင်းမြွေသီး (ခေါ်)ဗုံလုံသီးများကို ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ လာရောက်ရောင်းချကြောင်းသိရှိရပါသည်။
ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး၏ ကျန်းမာရေးအကျိုးအာနိသင်များနှင့် ရောဂါများအတွက် ဆေးဘက်ဝင်ပုံများမှာ ဆီးချိုရောဂါကိုကာကွယ်နိုင်ခြင်း၊ အသားဝါသက်သာစေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှ ဖြစ်ပွားတက်သည့် အဆိပ်အတောက် များကိုလည်ထိရောက်စွာ ဖယ်ရှားပေးခြင်း၊ ဆီးရွှင်စေခြင်း၊ နှလုံးကိုလည်ကျန်းမာစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အရိုးနှင့်သွားများကိုလည်ခိုင်မာစေခြင်းနှင့် အရည်ညစ်ပြီး ဦးရေပြားမှာလိမ်းပေးပါကာ နာရီဝက်ခန့်ထားပြီး ခေါင်းလျှော်ပေးလျှင် အရေးပြားရဲ့အစိုဓါတ်များကိုလည်ထိန်းသိမ်းပေးပြီး ဗောက်ပြဿနာကင်းစင်စေခြင်း စသည့်အကျိုးအာနိသင်များရရှိသည့်အတွက် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးကို စားသုံးသင့်ပါကြောင်း သိရှိရပါသည်။
ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲလင်းမြွေသီး (ခေါ်)ဗုံလုံသီး ဈေးနှုန်းမှာ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးအတောင့်ကြီး တစ်တောင့်လျှင်(၈၀၀)ကျပ်၊ အတောင့်အလတ်တစ်တောင့်လျှင်(၇၀၀)ကျပ်၊ အတောင့်အသေးတစ်တောင့်လျှင်(၅၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ကုန်စိမ်းသီနှံရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)