Main menu

လုံခြုံစိတ်ချရမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရေး သွားရောက်တွေ့ဆုံအသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကိတ်နှင့်ဆီကြော်မုန့်၊ အီဆိမ့်ကွင်း၊ ငါးလေးနှမ်းကပ်ကြော်လုပ်ငန်းရှင်များထံသို့  သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအတွက် စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာနမှ ဝန်ထမ်းများသည်  စားသုံးသူများအား ဟောပြောဆွေးနွေးရာတွင် စားသုံးးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောမှုကြောင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများသိရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြစေလိုကြောင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များအား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းမပြုရန်၊  စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများကလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာပြောပြစေလိုကြောင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)