မော်လမြိုင်မြို့ ကုန်စည်ဒိုင်၌ ဇွန်လ တတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ မလှိုင်ကြက်သွန်နီ(အကြီး) ၁ပိဿာလျှင် ၂၄၀၀ ကျပ်၊ မလှိုင်ကြက်သွန်နီ(အလတ်) ၁ပိဿာလျှင် ၂၃၀၀ ကျပ်၊ မလှိုင်ကြက်သွန်နီ (အသေး) ၁ပိဿာလျှင် ၁၈၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အကြီး) ၁ပိဿာလျှင် ၂၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အလတ်) ၁ပိဿာလျှင် ၂၄၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အသေး) ၁ပိဿာလျှင် ၁၉၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် ၁ပိဿာလျှင် ၁၀၅၀၀ ကျပ်၊ ထူးလေး ၁ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ထူးငါး ၁ပိဿာလျှင် ၁၁၅၀၀ ကျပ်၊ ဂျင်း(ဥမ) ၁ပိဿာလျှင် ၈၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ ထူးလေးမှာ ၂၀၀၀ ကျပ်၊ ထူးငါးမှာ ၂၀၀၀ ကျပ် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ကြူကုတ်နှင့်ဂျင်းမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)