Main menu

ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူများ၏အခွင့်အရေးများ၊ တာဝန်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုလက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စားသုံးဆီ စားသုံးမှုနှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသား/ သူ စုစုပေါင်း (၂၀) ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)