Main menu

ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

Powered by Drupal

    မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မိုးစပါးအထွက်နှုန်းတိုးပွားလာရေး မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မှ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆) ရှိ တောင်သူဦးစိုးဝင်း၏ မိုးစပါးစိုက်ဧက (၆) ဧကတွင် ဂျပန်ကျွန်းရွှေဝါ မျိုးစပါးအား မိုးစပါးမျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

   မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာကာ အမြစ်ကြီးထွားမှုစောစီးစွာရရှိခြင်း၊ မြေဩဇာအသုံးပြုရာတွင် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်းများကြောင့် တောင်သူများအထွက်နှုန်း သိသာစွာတိုးပွားလာမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း မျိုးစေ့ချကိရိယာဖြင့် (၃၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)