Main menu

မုဒုံမြို့နယ် ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၀.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်း မရှိပါကြောင်းသိရှိရသည်။

DOCA(မွန်)