Main menu

မုဒုံမြို့နယ် ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ရောနှောဆီ၊ စားသုံးဆီအမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၀.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မုဒုံမြို့နယ်ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသည့် ရောနှောဆီ၊ စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး၊ ရောနှောဆီများရောင်းချနေခြင်း မရှိပါကြောင်း သိရှိရသည်။

DOCA(မွန်)