Main menu

ချောင်းဆုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသည့် ဆန်နှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၊ ဆန်ဆိုင်ကြီးများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆန်ဆိုင်များအနေဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့်လူသုံးကုန်ပစ္စည်းများ သတ်မှတ်ရက်ထက်ကျော်လွန်ခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ရာ ဆန်နှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်း ချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)