Main menu

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများကို စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အဆိုပါအခြေခံ စားသောက်ကုန်များရောင်ချရာတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ချဉ်ပေါင်၊ အာလူး၊ အသား၊ ငါး များပါဝင်ပြီး စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(တနင်္သာရီ)