![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/64_8.jpg?itok=d0HP5E24)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ၂၀ ၂၄-၂၀၂၅ ခုနှစ် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)စက်များအား မိုးစပါးစိုက် တောင်သူများထံ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၄ခုနှစ်၊ဇွန်၂၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်မိုးက (Seeder) စက်၏ အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများကို တောင်သူများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍တောင်သူများ၏ သိရှိလိုသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တောင်သူများထံ မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) စက်ကိရိယာများကို မိုးစပါးစိုက်တောင်သူများထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)