![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉၇_3.jpg?itok=YLi6UFCI)
ပန်းအလှကို ပန်းထိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငိုပန်းသည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်သည်။ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှဆင်သော ဖြတ်ပန်းတစ်မျိုး လည်းဖြစ်ပါသည်။ ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ တစ်ထပ်ပန်းထိမ်းငို၊ နှစ်ထပ်ပန်းထိမ်ငို၊ သုံးထပ်ပန်းထိမ်ငိုဟု၍ ၃ မျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်များမှာ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသည်ဖြင့်ရှိသည်။ ဖေဖေါ်ဝါရီလတွင် ဥများတူးဖော်ကာ စိုက်ပျိုးကြသည်။ အပင်အမြင့် ၁၈-၂၄ လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုသည်။
အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပျိုးပါက နောင်နှစ်နွေအကုန် မိုးဦးကျခါနီးတွင် စတင်ခူးဆွတ်နိုင်၍ အပင်စိုက်ပြီး တစ်နှစ်ကြာလျှင် စတင်ခူးဆွတ်နိုင်သည်။ ဥများကို ဇန်နဝါရီလကုန်၊ ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလလယ်တွင် ခူးဆွတ်နိုင်သည်။
၂၀၂၄ခုနှစ်၊ ဇွန်လ၊ တတိယအပတ်တွင် ပန်းထိမ်ငိုပန်းတစ်ခက်လျှင် အနည်းဆုံး ငွေကျပ် (၃၀၀-၄၀၀) နှုန်းဖြင့် ဖောက်သည်ဈေးရောင်းချနေပြီး လက်လီအနေဖြင့် တစ်ခက်လျှင် ငွေကျပ် (၅၀၀-၆၀၀) နှုန်းဖြင့်ရောင်းချကာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ပန်းဈေးကွက်တွင် အရောင်းသွက် လျက်ရှိပြီး ပန်းပေါခြင်း/ရှားခြင်းအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)