Main menu

ပုသိမ်သံပုရာသီးဈေးကွက် နွေရာသီဈေးနှုန်းမြင့်ပြီး မိုးရာသီဈေးနှုန်းကျဆင်း

Powered by Drupal

      မြန်မာလူမျိုးများ ကျန်းမာရေးအတွက် အသုံးပြုစားသုံးလျက်ရှိသော သံပရာသီးကို ရေနွေးစိမ်၍ ဝိတ်ချခြင်းများ၊ ပျာရည်၊ ချင်းတို့နှင့် ရေနွေးအသုံးပြု၍ အဆီချခြင်းများ၊ သံပရာပြုလုပ်၍စားသုံးခြင်း၊ သံပရာသီးခွံထဲတွင်ပါဝင်သော သဘာဝအဆီမှာ သွေးလေကျစေခြင်း၊ အဆီကျစေခြင်းနှင့် အခြားနည်းများနှင့်သုံးစွဲနေခြင်းများလိုပြီး သံပရာသီး၏ အစွမ်းအာနိသင်များမှာ ဆေးဖက်ဝင်အရည်ဖျော်သောက်သုံးမှုများလည်းရှိပြီး အရေပြားအတွက်လည်း အမျိုးမျိုးလိုအပ်သလို အသုံးပြုလျက်ရှိပါသည်။ နေပူချိန်မြင့်တက်နေသောအခါ သံပရာသီးဖျော်ရည်ကို အများဆုံးသောက်လျက်ရှိသည့်အတွက် နွေရာသီတွင် သံပရာသီး(၁)လုံးလျှင် ၃၀၀ကျပ်မှ ၅၀၀ကျပ်အတွင်းဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          နွေရာသီ သံပရာသီးစိုက်ပျိုးရာတွင် ရေလောင်း၍ စိုက်ပျိုသဖြင့် အထွက်နှုန်းနည်းပြီး အအေးဆိုင်များမှာ သံပရာသီးဖျော်ရည်ရောင်းချရန် ဝယ်လိုအားရှိသည့်အတွက် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုဇွန်လ မိုးရာသီကာလ၊ မိုးရွာနေချိန် သံပရာသီးစိုက်တောင်သူများမှာ စိုက်ပျိုးရေရရှိပြီး အထွက်နှုန်းကောင်းသည့်အတွက် သံပရာတစ်လုံးကို  ၅၀/၁၀၀ ကျပ်ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေလျက် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)