Main menu

ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံးစာဖတ်ဝိုင်းရှိ လူငယ် (၁၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအသိပညာပေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြချက်များတွင် ရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန်နှင့် အီလက်ထရောနစ်အငွေ့ရှူစက်များနှင့်ပနါသက်၍ သိကောင်းစရာအကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)