Main menu

စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်(၁၆) ဆိုင်အား  (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

     ထိုသို့စစ်ဆေးရာတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးဆီကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက မအူပင်မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား  ဆီသိုလှောင်ထားခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆီရောင်းချသူဆိုင်ရှင်များကို စားသုံးဆီများ သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်ပြည့်ဝစွာမှန်ကန်စွာရောင်းချရေး၊ စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊   ဈေးနှုန်းတည်ငြိမ်စွာ ပြည်သူများဝယ်ယူစားသုံးနိုင်ရေးတိုအတွက်  စစ်ဆေးရေးအဖွဲ့က အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး စားသုံးဆီရောင်းချသည့်  ဆိုင်များအား သတ်မှတ်ဈေးထက်  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့်   ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့်  အရေးယူဆောင်ရွက်သွားမည့်အရာများကို  ဆိုင်ရှင်များအားရှင်းလင်းပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)