ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီး၊ သုံးဂွ၊ ကျောင်းရွာနှင့် သုံကြိုင်ကျေးရွာအုပ်စုများသည် တိုးမြစ်ကမ်းဘေးတွင်တည်ရှိပြီး သရက်ပင်၊ ငှက်ပျောပင်နှင့် သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းသော ကျေးရွာများဖြစ်ကြသည်။ မအူပင်ခရိုင်အနေဖြင့် မြို့နယ် ၄မြို့နယ်ရှိပြီး၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များတွင် သရက်ပင်စိုက်ပျိုးမှုလည်းရှိပါသည်။
မအူပင်ခရိုင်၏ သရက်စိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အိမ်ခြံသရက်စိုက်ပျိုးဧက (၃၃၇၅) ဧကစိုက်ပျိုးကြပြီး (၁၄၆၃) ခူးဆွတ်ပြီး အထွက်နှုန်းအနေဖြင့် အလုံးရေ (၆၅၇၅.၇၈) ခန့်၊ ထွက်ရှိမှုအလုံးရေစုစုပေါင်း (၉၆၂၀၃၆၆) ထွက်ရှိကြောင်း မြို့နယ် စာရင်းများအရသိရသည်။
ထွက်ရှိသော ရင်ကွဲ၊ မချစ်စု၊ စိန်တလုံးများကို ရန်ကုန်မြို့နှင့် နီးစပ်ရာဒေသများသို့ တင်ပို့ရောင်းချနေကြောင်းသိရပြီး သရက်သီးအမှည့်အရွယ်အစားပေါ်မူတည်၍ သရက်တစ်လုံးလျှင် (၂၀၀) ကျပ်မှ (၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်အထိ ဈေးကွက်ရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)