Main menu

စားသုံးသူရေးရာအသိပညာပေး Talk Show ဆွေးနွေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၂၁-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

         အသိပညာပေးဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ယခုအသိပညာပေးရခြင်းသည် စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို ကျေကျေညှပ်ညှပ်သိရှိနားလည်းနိုင်ရန် Online မှတစ်ဆင့် ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ စားသုံးရေးရာဦးစီးဌာန၏ လုပ်ဆောင်နေသောလုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်၊ သတင်းအချက်အလက်မှန်ကန်စေရန်၊ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာစိတ်ကျေနပ်မှုရှိစေရန်၊ လုပ်ငန်းရှင်များဥပဒေနှင့်အညီဆောင်ရွက်ရန်၊  စားသုံးသူအခွင့်အရေးနစ်နာမှုများကိုကာကွယ်ရန်၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့ပေါ်ပေါက်စေရေး ကူညီဆောင်ရွက်ရန်၊  စားသုံးသူတို့ ဘေးအန္တရာယ်ဖြစ်စေသောကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်းကိုပြောကြားဆွေးနွေးခဲ့ပါသည်။

        နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသောကုန်စည်ကို အသုံးပြုနိုင်ရန်အတွက် ဥပဒေဖြင့် ကာကွယ်ထားသည့်အကြောင်းအရင်းကို ရှင်းလင်းဖြေကြားရာ ဘေးအန္တရာယ်ကင်းသော ကုန်စည်ကိုအသုံးပြုလိုပါက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်သော ကုန်စည်မျိုးကိုသာ ရွေးချယ်အသုံးပြုကြရန်၊ ကုန်အညွှန်းအပြည့်အစုံပါဝင်သော ကုန်စည်တစ်ခုကိုကြည့်၍ ကုန်စည်တွင်ဖော်ပြပါဝင်သော ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲပါက စားသုံးသူထိခိုက်နစ်နာမှုကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ အကယ်၍ စားသုံးသူများအနေဖြင့် မိမိတို့ရရှိထားသည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း၊ ဌာန၏ Website ဖြစ်သော doca.gov.mm   မှလည်းကောင်း၊ Call Center ဖုန်းနံပါတ်ဖြစ်သော ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်၍ တိုင်းကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှု များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်းကို စားသုံးသူပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)