၂၁-၆-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက "Talk Show" ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံကလည်း ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်းကြားမှုအပေါ် စိစစ်ဆောင်ရွက်ချက်များ၊ နစ်နာဆုံးရှုံးသည့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများ၊ အရေးယူမှုအခြေအနေ၊ ဥပဒေအရ ချမှတ်သည့် အမိန့်တစ်ရပ်ရပ်အား ကျေနပ်မှုမရှိပါက အယူခံဝင်နိုင်သည့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)