![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၃.png?itok=SL8VPxBM)
မိုးကျလာသည်နှင့်တစ်ပြိုင်နက် ဖလောင်တောင်ဝှေးအစို့ကလေးများထွက်ပေါ်လာပြီဖြစ်သည်။ ဖလောင်တောင်ဝှေးဆိုသည်နှင့် မိုးရာသီနှင့်လိုက်ဖက်သော ဟင်းလျာများအနက် တစ်ခု အပါအဝင်အဖြစ် သတ်မှတ်ထားကြလျက်ရှိသည်။ ဖလောင်တောင်ဝှေးသည် မြန်မာတို့ ထမင်းဝိုင်းတွင် ဟင်းကောင်းတစ်ခွက်အဖြစ်ပါဝင်ရုံသာမက ဆေးစွမ်းကောင်းတစ်လက်လည်းဖြစ်သည်။
ပဲခူးမြို့၊ ပင်စီဈေးတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများအရ ဖလောင်တောင်ဝှေး(၅)ချောင်းပါတစ်စည်းလျှင် (၆၀၀)ကျပ်နှင့် ဇွန်လ နောက်ဆုံးပတ်တွင် ဖလောင်တောင်ဝှေး (၄)ချောင်းပါတစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် တစ်ပတ်အတွင်း တစ်ချောင်းလျှင် (၈၀)ကျပ်နှုန်းဖြင့်မြင့်တက်လျက်ရှိသည်။ ထိုသို့ဈေးမြင့်တက်လာသော်လည်း ရောင်းအားမှာ ကျဆင်းသွားခြင်းမရှိဘဲ ဝယ်ယူသူများပြားကာ ရောင်းအားကောင်းလျက်ရှိကြောင်း ပင်စီဈေးရှိ အသီးအရွက်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)