Main menu

ပေါက်ခေါင်းသခွားသီးဈေးကွက်

Powered by Drupal

      ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် သခွားသီးများစိုက်ပျိုးထားရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် အကျိုးအမြတ်များအား သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာ၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

      ပေါက်ခေါင်းမြို့နယ်၊ လေးကြီးကျေးရွာတွင် သခွားသီးစိုက်ပျိုးတောင်သူ ဦးမျိုးဝင်းက သခွားသီးစိုက်ဧက (၀.၂၅)ဧကကို မေလ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးထားပြီး စိုက်ပျိုးပြီး (၁)လခွဲခန့်အကြာတွင် အသီးများစတင်ခူးဆွတ်၍ရကြောင်းသိရပါသည်။ သခွားသီး (၀.၂၅)ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၁၈၅၀၀၀ကျပ်ကုန်ကျပြီး ထွက်ရှိသည့် သခွားသီးအလုံးရေမှာ ၈၀၀၀ကျော်ထွက်ရှိသည်ဟုသိရပါသည်။ သခွားသီးစတင်ခူးဆွတ်ရောင်းချချိန်တွင်  ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး တစ်လုံးလျှင်  ၇၀ကျပ်ဖြင့်ရောင်းချပြီး ရောင်းရငွေအနေဖြင့် ၅၆၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။ သခွားသီး (၀.၂၅)ဧကတွင် တောင်သူအကျိုးအမြတ်မှာ ၃၇၅၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။

      သခွားသီးမှာ စိုက်ပျိုးသူတောင်သူများအနေဖြင် ရက်တိုတိုနှင့် ဝင်ငွေများရရှိကာ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)