Main menu

ပေါက်ခေါင်းမြို့တွင် ပြောင်းဖူးစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

      ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ဖူးစားပြောင်းဖူးများ စိုက်ပျိုးထားရှိကြောင်းသိရှိရပါသည်။ ထိုသို့စိုက်ပျိုးထားကြောင်းသိရှိရသဖြင့် ကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် အကျိုးအမြတ်များအား သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

      ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးတောင်သူ ဦးတင်ဝင်းမှာ ပြောင်းဖူးစိုက်ဧက (၀.၂၅)ဧကစိုက်ပျိုးထားပြီး ရာသီမရွေးစိုက်ပျိုးကြောင်းသိရပါသည်။ ပြောင်းဖူးကိုစိုက်ပျိုးပြီး (၂)လကျော်အကြာတွင် ပြောင်းဖူးများထွက်ရှိပါသည်။ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၀.၂၅)ဧကတွင် ၂၈၄၀၀၀ကျပ်ကုန်ကျပြီး ထွက်ရှိသည့် ပြောင်းဖူးအရေအတွက်မှာ ၄၃၀၀ဖူးခန့်ထွက်ရှိသည်ဟုသိရပါသည်။ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး တစ်ဖူးလျှင် အဖူးအကြီး/အသေး/ သောင်းပြောင်းကို ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် ရောင်းရငွေမှာ ၈၆၀၀၀၀ကျပ်ရရှိပြီး အသားတင်အကျိုးအမြတ်အနေဖြင့် ၅၇၆၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။

        ပြောင်းဖူးသည် ရာသီမရွေးထွက်ပေါပြီး အကျိုးအမြတ်လည်းရရှိသဖြင့် တောင်သူများ နှစ်ပတ်လည်ဝင်ငွေများရရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)