Main menu

မြိတ်မြို့ပေါ်ရှိ အချိုရည်အမျိုးမျိုးအ‌ရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနဦးဆောင်၍ ခရိုင်အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးအတွင်းရှိ အချိုရည်အမျိုးမျိုးအ‌ရောင်းဆိုင်များသို့သွားရောက်၍ ၄င်းတို့ရောင်းချနေသည့် အချိုရည်အမျိုးမျိုး၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်စည်များရောင်းချရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဆွေး‌နွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( တနင်္သာရီ)