Main menu

စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ အခွန်လွတ်ဈေး (အာခါဈေး) အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောစာသုံးဆီများအား ကုန်ညွှန်အမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား နှင့်ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေး ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)