Main menu

အောင်မင်္ဂလာဈေးနှင့်ရေဥက္ကံဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၄)ဦးသည် ၂၁-၆-၂၀၂၄ ရက်နေ့တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အောင်မင်္ဂလာဈေးနှင့် ရေဥက္ကံဈေးသို့သွားရောက်၍ စားအုန်းဆီများကို အကန့်အသတ်ဖြင့်ရောင်းချနေပြီး လိုသလောက် ဝယ်မရသတင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် အောင်မင်္ဂလာဈေးမှ ဈေးတာဝန်ခံ ဦးထွန်းထွန်းအေးပါ (၃)ဦးတို့ပူးပေါင်းပါဝင်လျက် ဈေးတွင်းရရှိသောစားအုန်းဆီများကို ဈေးအတွင်းကုန်မျိုးစုံဆိုင်(၉)ဆိုင်အား ခွဲဝေပေးခဲ့ပြီး ဈေးတွင်းရရှိသော ကုန်စုံဆိုင်များရှိ ဆိုင်တိုင်း၌ Venyl များလည်းချိတ်ဆွဲထားပြီး ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးပြီး ကပ်များဖြန့်ဝေပေးခြင်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းရောင်းချပေးလျက်ရှိကြောင်း၊ အလေးချိန်ကိုလည်း ပြည့်ဝစွာချင်တွယ်ပေးကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)