Main menu

တရုတ်ဝန်ကြီးချုပ်နှင့် ပိုလန်သမ္မတတို့တွေ့ဆုံ

Powered by Drupal

      တရုတ်ဝန်ကြီးချုပ်  Li Quiang သည် ပိုလန်သမ္မတ Ahdrzej Duda နှင့် တနင်္လာနေ့၊ (၂၄)ရက်နေ့က ပေကျင်းတွင်တွေ့ဆုံခဲ့ပြီး ပိုလန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ တိုးမြှင့်ရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

       တရုတ်နိုင်ငံနှင့်ပိုလန်နိုင်ငံတို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို (၂၀၁၆)ခုနှစ်တွင် ထူထောင်ပြီးကတည်းက နယ်ပယ်အသီးသီးတွင် ကူးလူးဆက်ဆံမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသောအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း Li Quiang ကပြောကြားခဲ့သည်။

         တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုကိုလိုက်နာရန်၊ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထမ်းဆောင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကိုတိုးမြှင့်ရန်၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရန်နှင့် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်သွားရန်လိုလားကြောင်း Li Quiang ကပြောကြားခဲ့သည်။

         တရုတ်နိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများချမှတ်ရာတွင် ခိုင်မာစေရန် အဆင်သင့်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုဆောင်ရွက်မှုမြှင့်တင်ရေးလမ်းညွှန်မှုအဖြစ် Belt and Road ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ မျှတသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အဆင်သင့်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

         ပိုလန်သည် တရုတ်ဈေးကွက်သို့ အရည်အသွေးမြှင့်ပိုလန်ထုတ်ကုန်များကိုတင်ပို့နိုင်ပြီး တရုတ်စီးပွားရေးလုပ်ငန်းများအတွက် တရားမျှတ၍ ခွဲခြားမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကိုပံ့ပိုးပေးမည်ဟုမျှော်လင့်ကြောင်း Li Quiang ကပြောကြားခဲ့သည်။

Source: English w.w.w gov.mm  

DOCA(ရန်ကုန်)